လူငယ်များနဲ့  Vape  သောက်သုံးခြင်း

လတ်တလောလူငယ်များအကြား ‌ရေပန်းစား အသုံးအများဆုံး electronic device များဖြစ်သော Vape ၊ Podနှင့် E-cigarette များသည် မူလက ဆေးလိပ်အစားထိုးအဖြစ် ဖန်တီးထားသော်လည်း ယနေ့အခါ လူငယ်များသုံးစွဲမှုမြင့်မားလာခြင်းကြောင့် ကျန်းမာရေးနှင့်လူမှုရေးအပေါ် သိသိသာသာရိုက်ခတ်လာသောအခြေအနေများဖြစ်ပေါ်နေပြီး သတိထားသုံးစွဲစရာဖြစ်လာပါသည်။

၎င်းသည် နီကိုတင်းပါဝင်သော အရည်ကို အပူပေးပြီး အငွေ့အဖြစ်ပြောင်းလဲကာ ရှူသွင်းနိုင်သော နည်းပညာကို အသုံးပြုသည်။ ၎င်းတို့၏အမျိုးမျိုးသော အနံ့ ၊ အရသာ၊ ထုပ်လုပ်မှုပုံစံ၊သက်သာသောစျေးနှုန်းများကြောင့် လူငယ်များအကြားအသုံးပြုမှုတစ်ဟုန်ထိုးတိုးတက်လာနေပါသည်။ 

လူငယ်များအကြား ရေပန်းစားရသည့် အကြောင်းများ

1. ခေတ်မှီသည့်ပုံရိပ်

Vape သည်လူငယ်များအကြား ခေတ်မှီဆန်းသစ်ခြင်းဟူသော ပုံရိပ်ဖြင့်ရေပန်းစားလာသည်။ ဆိုရှယ်မှီဒီယာများတွင် vape ကိုဖက်ရှင်ပုံစံတစ်ခုအဖြစ်ဖော်ပြလာကြပြီး ဒီဇိုင်းအမျိုးမျိုးနှင့်အရသာအနံ့အမျိုးမျိုး‌ရွေးချယ်စရာများက လူငယ်များကိုပိုမိုဆွဲဆောင်ထားနိုင်ခဲ့သည်။ 

2.ဆေးလိပ်ထက်ပိုမိုလုံခြုံသည်ဟုယူဆမှု

လူငယ်အများစုသည် Vape ကိုသာမန်ဆေးလိပ်ထက်ကျန်းမာရေးအတွက်ပိုမိုစိတ်ချလုံခြုံသည်ဟုယူဆကြသည်။ လူငယ်များသာမက လူကြီးသူမများပင် Vape ကိုသာမန်အဖြစ်ရှုမြင်ကြပြီး ဆေးလိပ်ကဲ့သို့အသုံးပြုသောက်သုံးမှုကို အပြင်းအထန်တားဆီးခြင်းများလဲမလုပ်ကြသဖြင့်လူငယ်များပိုမိုလွတ်လပ်စွာသောက်သုံးခွင့်ရနေခြင်းဖြစ်သည်။

3.  ဆိုရှယ်မီဒီယာနှင့်သြဇာလွှမ်းမိုးမှု

Facebook၊ Tiktok၊ Instagram ကဲ့သို့သောဆိုရှယ်မီဒီယာပလက်ဖောင်းများတွင် Influencers များက vape ကိုတွင်တွင်ကျယ်ကျယ်အသုံးပြုပြကြခြင်းနှင့် vape ရောင်းချသူများတင်ဆက်ပြသသောဒီဇိုင်းနှင့်အရသာမျိုးစုံတို့ကလဲ လူအများကိုပိုမိုစိတ်ဝင်စားစေပါသည်။ 

3.  ဆိုရှယ်မီဒီယာနှင့်သြဇာလွှမ်းမိုးမှု

Vape အသုံးပြုခြင်းသည် အဆုတ်ဆိုင်ရာ ပြဿနာများ၊ နီကိုတင်း စွဲလမ်းမှု၊ နှင့် နှလုံးသွေးကြောဆိုင်ရာ ပြဿနာများကို ဖြစ်ပေါ်စေနိုင်သည်။ အထူးသဖြင့် လူငယ်များတွင် ဦးနှောက်ဖွံ့ဖြိုးမှုအပေါ် သက်ရောက်မှုရှိနိုင်သည်။  
Vape အားလုံးနီးပါးတွင် ဆေးလိပ်တွင်ပါဝင်သော နီကိုတင်းထက်ပို၍ပြင်းထန်များပြားသော ပမာဏများထည့်သွင်းထားတတ်ကြသည်။ ဤအချက်သည် အသုံးပြုသူများအတွက် အလွယ်တကူစွဲလန်းစေသောအကြောင်းရင်းလဲဖြစ်ပါသည်။ 

Vapeသည်ဆေးလိပ်အစားထိုးသည်ဟုဆိုသော်လည်း အန္တရာယ်ကင်းသောအရာမဟုတ်ပါ။
Vape ၏ ရေပန်းစားမှုသည် လူငယ်များအကြား ခေတ်ရေစီးကြောင်းတစ်ခုအဖြစ် ပေါ်ထွက်လာသော်လည်း ၎င်းနှင့်ဆက်စပ်သော ကျန်းမာရေးအန္တရာယ်များကို လျစ်လျူမရှုသင့်ပေ။ လူငယ်များအား vape ၏ အကျိုးဆက်များနှင့် ပတ်သက်၍ အသိပညာပေးရန်နှင့် ၎င်းတို့၏ အသုံးပြုမှုကို ထိန်းချုပ်ရန် အရေးကြီးပါသည်။ 

Leave a Reply

Your email address will not be published. Required fields are marked *