လူငယ်များနဲ့ လောင်းကစား

ဒီဘက်ခေတ်လူငယ်တွေကြားမှာ ဖုန်းတစ်လုံးနဲ့ စလော့ဂိမ်း၊ ငါးပစ်ဂိမ်းတွေ ကစားနေတာမျိုး သင့်ပတ်ဝန်းကျင်မှာ မြင်ဖူးကြပါလိမ့်မယ်။ လူမှုကွန်ရက် စာမျက်နှာ တချို့မှာဆိုရင်လဲ စလော့ဂိမ်းတွေကို Live Stream လုပ်နေတဲ့ လူငယ်တွေကို လဲ မြင်ဖူးကြမှာပါ။ ဒါဟာ ဒီဘက်ခေတ် လူငယ်တွေ ကြားမှာ အထူးအဆန်းတော့ မဟုတ်တော့ပါဘူး။ လူငယ် (၁၀) ဦးမှာ (၄) ဦးလောက်ဟာ တစ်နှစ်အတွင်း လောင်းကစား တစ်မျိုးမျိုးကို လုပ်ဖူးတယ်လို့ လေ့လာမှုတွေအရ သိရှိရပါတယ်။ ဒီလို အခြေနေမျိုးမှာ နည်းပညာ တိုးတက်လာမှုနဲ့အတူ လောင်းကစားဟာလဲ လူငယ်တွေရဲ့ လက်ထဲကို လွယ်လွယ်ကူကူပဲ ရောက်လာခဲ့ပါပြီ။ ဥပမာ – JDBYG ဂိမ်းဆိုဒ် လိုမျိုး ဆိုဒ်ကြီး ဟာဆိုရင်လဲ​လူငယ်တွေ အကြားမှာ ရေပန်းစားပါတယ်။

ဒီနေ့ ဆောင်းပါးလေးမှာတော့ လူငယ်တွေ ဘာကြောင့် လောင်းကစားကို စိတ်ဝင်စားကြတာလဲ ၊ လောင်းကစားခြင်းရဲ့ အကျိုးဆက်များနဲ့ ဘယ်လို ကာကွယ်ကြမလဲဆိုတာကိုပါ ဆွေးနွေးသွားကြရအောင်ပါ။

လောင်းကစားဆိုတာ ဘာလဲ?

လောင်းကစားဆိုတာဟာ ရလဒ် မသေချာတဲ့ ဖြစ်ရပ်တစ်ခုအပေါ်မှာ ငွေကြေး (သို့) တန်ဖိုးကြီးသော အရာ တစ်ခုခုကို အသုံးပြုပြီး ကစားရတာမျိုးပါ။ လူငယ်တွေကြားမှာ ရေပန်းအစားဆုံး လောင်းကစားကတော့ ဘောလုံးလောင်းတာ ၊ အွန်လိုင်းကာစီနို ဂိမ်းကစာတာ ၊ ထီထိုးတာ ၊ နှစ်လုံး သုံးလုံး ကစားတာတို့ပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ လောင်းကစားဟာ တရားဝင် မဟုတ်ပေမယ့် အွန်လိုင်းပလက်ဖောင်း မျိုးစုံကနေ တဆင့် လူငယ်တွေဟာ အလွယ်တကူ ကစားနိုင်နေပါတယ်။ 

လူငယ်တွေ ဘာကြောင့်လောင်းကစားကို စိတ်ဝင်စားကြတာလဲ?

လူငယ်တွေဟာ လောင်းကစားကို စိတ်လှုပ်ရှားမှု ရှာဖွေဖို့ ဒါမှမဟုတ် အပိုငွေကြေး ရှာဖွေဖို့ ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ စတင် လုပ်ဆောင်တတ်ကြပါတယ်။ ဥပမာ – ဘောလုံးပွဲ လောင်းပြီးတော့ လက်ဖက်ရည်ဆိုင်မှာ ရင်ခုန်ကြတာမျိုး ၊ စလော့ဂိမ်းတွေမှာ ပေးတတ်တဲ့ Max Win ကို လိုချင်လို့ ကစားကြတာမျိုးကို ဆိုလိုတာပါ။ ဒါ့အပြင် လောင်းကစား ကြော်ငြာတွေဟာလဲ လူမှုကွန်ရက်ရဲ့ နေရာတော်တော်များများမှာ ကြီးစိုးနေတာဟာလဲ ကြီးမားတဲ့ အကြောင်းပြချက်တစ်ခုပါပဲ။ ကျွန်တော်တို့ လူသား တွေရဲ့ အတွင်းစိတ်ဗီဇ ထဲမှာ လောင်းကစားချင်တဲ့ စိတ်ဟာ ပင်ကို ပါရှိပြီးသားပါ။ နည်းတာ များတာပဲ ကွာပါတယ်။ မယုံရင် သူငယ်ချင်းတစ်ယောက်ယောက်နဲ့ တခုခုကို ငြင်းကြည့်ပါ ။ အနည်းဆုံးတော့ “လောင်းမလား” ဆိုတဲ့ စကားတစ်ခွန်းလောက်တော့ အနည်းဆုံး သင် ကြားကို ကြားရမှာပါ။ နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ ဒီလို လူငယ်တွေရဲ့ မိုဘိုင်းဖုန်းထဲကို လောင်းကစား အက်ပ်တွေ အလွယ်တကူ ထည့်သွင်းနိုင်ခြင်းဟာလဲ လူငယ်တွေကို လောင်းကစား စိတ်ဝင်စားစေတဲ့ အချက်တွေထဲက တစ်ချက်ဖြစ်ပါတယ်။

လောင်းကစားခြင်းရဲ့ အကျိုးဆက်များ

လောင်းကစားခြင်းဟာ ဖျော်ဖြေရေး တစ်ခု အနေနဲ့ စိတ်လှုပ်ရှားမှုတွေ ပျော်ရွှင်မှုတွေ ပေးနိုင်တာ မှန်ပေမယ့် ကြီးမားတဲ့ အန္တရာယ်တွေလဲ ရှိပါတယ်။ လောင်းကစား ဆိုကတည်းက အနိုင် မဟုတ်ရင် အရှုံး ဒါပဲရှိပါတယ်။ ဒါကိုလဲ လက်ခံနိုင်ရပါမယ်။ တချို့ဆို က ကိုယ့်ရဲ့ အခြေနေကို လက်မခံနိုင်လို့ မဲလိုက်ရင်းနဲ့ ဒုက္ခရောက်သွားနိုင်တဲ့ သာဓကတွေလဲ များစွာရှိပါတယ်။

သိသာ ထင်ရှားတဲ့ အန္တရယ်တွေကတော့

  • စွဲလမ်းမှု = လောင်းကစားဟာ စွဲလမ်းမှုကြီးကို ဖြစ်ပေါ်စေတတ်ပြီး  လူငယ်တွေရဲ့ စိတ်ကျန်းမာရေ ၊ ငွေကြေးနဲ့ လူမှုဘ၀ကိုပါ ထိခိုက်စေနိုင်ပါတယ်။
  • ငွေကြေးဆုံးရှုံးမှု = ဖဲသမားရဲ့ အိတ်ကတ်က နှဲမှုတ်သလို ပဲ ဖောင်းလိုက်ပိန်လိုက် ဆိုတာလေး ကြားဖူးကြလား အဲ့သဘောပါပဲ အခြေနေမဟန်ရင် အကြွေးပြသနာတွေ အထိပါ ဖြစ်လာနိုင်ပါတယ်။
  • စိတ်ကျန်းမာရေး = လောင်းကစားမှာ ဆုံးရှုံးမှုတွေကြောင့် စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှု ၊ စိတ်ဓါတ်ကျမှုမျိုးတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။
  • လူမှုဆက်ဆံရေး = ဒါကတော့ တကယ်အရေးကြီးတာပါ။ မိသားစု ဆွေမျိုးနဲ့ သူငယ်ချင်း အပေါင်းအသင်းတွေ ကြားမှာပါ ဆက်ဆံရေးတွေ ပျက်စီးသွားစေနိုင်ပါတယ်။

ဘယ်လို ကာကွယ်ကြမလဲ?

နံပါတ် (၁) အချက်အနေနဲ့ကတော့ ကျောင်းတွေမှာ လောင်းကစားရဲ့ အန္တရယ်အကြောင်း ပညာပေး သင်ကြားပေးတာတွေ လူမှုကွန်ရက် စာမျက်နှာတွေကနေ ပညာပေး အစီစဉ်တွေ ဆောင်ရွက်ကြခြင်းဖြင့် လူငယ်တွေရဲ့ အသိပညာကို ပိုတိုးပွားစေနိုင်ပါတယ်။

နံပတ် (၂) ကတော့ မိဘတွေရဲ့ အခန်းကဏ္ဍပါ။ မိဘတွေအနေနဲ့ လူငယ်တွေရဲ့ အပြုအမူတွေကို စောင့်ကြည့်ပြီး လမ်းညွန်ပေးဖို့လဲ လိုအပ်တယ်။

နံပါတ် (၃) ကတော့ မြန်မာနိုင်ငံမှာ လောင်းကစား ဆိုင်ရာ ဥပဒေတွေကို တင်းကျပ်ဖို့ လိုအပ်ပြီး အွန်လိုင်းပလက်ဖောင်းတွေကို ထိန်းချုပ်ဖို့လဲ လိုပါတယ်။

နံပါတ် (၄) အခြားရွေးချယ်စရာများ ဖြစ်တဲ့ အားကစား၊ အနုပညာ ၊ စာပေ ဒါမှမဟုတ် စေတနာ့ ဝန်ထမ်း တွေကို အကျိုးရှိတဲ့ လှုပ်ရှားမှုတွေနဲ့ ချိတ်ဆက်ကြဖို့ကို အားပေးသင့်ပါတယ်။

လောင်းကစားဟာ လူတွေကို စိတ်အပန်းပြေစေမှု ၊ စိတ်ပျော်ရွှင်မှု ၊ ရင်ခုန်စိတ်လှုပ်ရှားမှုတွေကို ပေးနိုင်တာ မှန်ပေမယ့် အန္တရယ်တွေလဲ ရှိတတ်တာကြောင့် သတိထားဖို့ အများကြီးလိုအပ်ပါတယ်။ အထက်မှာ ဖော်ပြခဲ့တဲ့ အန္တရယ်တွေကို ရှောင်ရှားချင်တယ်ဆိုရင် အသိ သတိ ရှိဖို့ကလဲ အရေးကြီးပါတယ်။ လူငယ်တွေကိုလဲ ငွေကြေးနဲ့ စိတ်ပိုင်းဆိုင်ရာကို ထိန်းသိမ်းနိုင်ပြီး အကျိုးရှိတဲ့ ဘ၀တွေကို ရွေးချယ်ဖို့ကို အကြံပြုတိုက်တွန်းလိုပါတယ်။ မိတ်ဆွေတို့အနေနဲ့ကော မိတ်ဆွေတို့ ပတ်ဝန်းကျင်မှာ လောင်းကစား စွဲလန်းနေတဲ့ လူငယ်တစ်ယောက်ရှိနေရင် ဘယ်လိုကူညီကြမလဲ ဆိုတာလေးကို အောက်က ကောမန့်လေးထဲမှာ ဝင်ရောက်ဆွေးနွေးခဲ့နိုင်ပါတယ်နော်။