ဒီနေ့ခေတ်မှာ မှာ AI (Artificial Intelligence) ဆိုတာ ကျွန်တော်တို့ နေ့စဉ်ဘဝတွေရဲ့ နေရာတိုင်းလိုလိုမှာ တွင်တွင်ကျယ်ကျယ်နဲ့ အသုံးပြုလာနေကြပါပြီ။ တကယ်တော့ လူငယ်နဲ့ AI၊ AI နဲ့ လူငယ်ဆိုတာ ယနေ့ခေတ်မှာ ခွဲခြားလို့မရတဲ့ အရာတစ်ခုလို့တောင် ပြောလို့ရနေပါပြီ။ AI ဆိုတာ ကျွန်တော်တို့လူငယ်တွေရဲ့ အနာဂတ်အတွက် အခွင့်အရေးတွေ များစွာလည်းဖန်တီးပေးနိုင်သလို၊ စိန်ခေါ်မှု များစွာလည်းရှိလာနိုင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ AI ကိုသာ တကယ်ကောင်းကောင်းမွန်မွန်အသုံးချတတ်မယ်ဆိုရင် နေ့စဉ်လုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာတွေ၊ သင်ယူမှုတွေအတွက် လွယ်ကူလျှင်မြန်စွာ လုပ်ဆောင်လာနိုင်ပါလိမ့်မယ်။
Schedule ဆွဲခိုင်းတာတွေ၊ ကိုယ့်ရဲ့ Study partner လုပ်ခိုင်းတာတွေ၊ ပုံဆွဲခိုင်းတာတွေ၊ စာရေးခိုင်းတာတွေ၊ ကိုယ်စိတ်ဝင်စားတဲ့အရာတွေပေါ်မှာ မူတည်ပြီးတော့ Career ရွေးချယ်ခိုင်းတာတွေကအစ ကိုယ်ကြိုက်ရာကို လုပ်ခိုင်းလို့ရနေတော့ AI ကနေရာတော်တော်များများမှာ အစားဝင်ယူနေပါပြီ။ကျွန်တော်တို့ လူငယ်တွေအနေနဲ့ တစ်ခုသိထားရမှာက AI အနေနဲ့ ဘယ်လောက်ပဲ တိုးတက်လာပါစေ လူသားတွေရဲ့ Complex reasoning skill နဲ့ Emotional intelligence ကို လုံးဝလိုက်မှီနိုင်မှာ မဟုတ်ပါဘူး။
ဒါကြောင့် 21 ရာစု လူငယ်တစ်ယောက် အနေနဲ့ဆိုရင် ပထမဆုံး Creativity တိုးတက်အောင် အမြဲကြိုးစားနေဖို့လိုအပ်ပါတယ်။ Creativity ဆိုတာ (Thinking outside of the box) စည်းတွေ၊ ဘောင်တွေကနေ ကျော်ပြီးတော့ စဉ်းစားနိုင်တာ ဖြစ်တယ်။ သတိထားရမှာတစ်ခုက ကျွန်တော်တို့ လိုချင်တာတွေကို AI ဆီကနေ အလွယ်တကူရယူနိုင်နေတော့ AI က ကိုယ့်ရဲ့ Creativity ကို ထိခိုက်နိုင်ပါတယ်နော်။ ဒါကြောင့် ကိုယ်လိုချင်တာကို ဘယ်လိုရအောင် ယူမလဲ။ သူများထက် ဘယ်လိုပိုကောင်းအောင် လုပ်နိုင်မလဲ။ စတဲ့ မေးခွန်းတွေကသာလျှင် ကိုယ့်ရဲ့ Creativity ကို တိုးတက်စေပါလိမ့်မယ်။
နောက်တစ်ခုက Critical Thinking ကောင်းအောင် ကြိုးစားသင့်ပါတယ်။ Critical Thinking ဆိုတာ ပြသနာပေါင်းများစွာကို ဆက်စပ်တွေးခေါ်နိုင်ပြီးတော့ မေးခွန်းပေါင်းမြောက်များစွာ မေးပြီး ဖြေရှင်းပေးနိုင်တာ ဖြစ်ပါတယ်။ ဘယ်နေရာမှာပဲဖြစ်ဖြစ် ကိုယ့်အနေနဲ့ မေးခွန်းတွေများများ မေးနိုင်လေလေ၊ ကိုယ်လိုချင်တာကို ရလေလေပဲဖြစ်ပါလိမ့်မယ်။
ဒီ Skill နှစ်ခုစလုံးက ကိုယ့်ရဲ့ ဉာဏ်ကောင်းမှု တစ်ခုတည်းနဲ့တော့ တိုးတက်အောင် လုပ်လို့ရမှာ မဟုတ်ဘူးဆိုတာတော့ သေချာပါတယ်။ အရာတစ်ခုပေါ်မှာ ကိုယ်ဘယ်လောက်ထိ စွမ်းဆောင်နိုင်လဲ။ ကိုယ်ဘယ်လောက်ထိ ကောင်းအောင်လုပ်နိုင်လဲ ဆိုတဲ့တွေးခေါ်မှုအပေါ်မှာပဲ အဓိက မူတည်ပါလိမ့်မယ်။AI တွေ အဆမတန် တိုးတက်နေတဲ့ ဒီလိုခေတ်ကြီးထဲမှာ ဒီ Skill နှစ်ခုကတော့ လူငယ်တစ်ယောက်အနေနဲ့ အမြဲတမ်းတိုးတက်အောင် ကြိုးစားနေသင့်ပါတယ်။ ဒါမှသာလျှင် AI နည်းပညာနဲ့ ကိုယ့်မှာရှိတဲ့ Skill တွေပေါင်းပြီး Innovation လို့ခေါ်တဲ့ သူများနဲ့မတူတဲ့ ဆန်းသစ်တီတွင်မှုတွေ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
နောက်ဆုံးအနေနဲ့ အကြံပေးချင်တာကတော့ AI တွေကို လက်လှမ်းမှီသလောက် စမ်းသုံးကြည့်ပါ။ ကိုယ့်ကိုယ်ကိုယ် အမြဲတိုးတက်အောင် ကြိုးစားကြည့်ပါ။ လူတိုင်းပြောတဲ့ AI ခေတ်ကြီးထဲမှာ နောက်ကျမကျန်ခဲ့ဖို့ဆိုရင် ဒါတွေကတော့ အမြဲတမ်းလေ့လာနေဖို့ လိုအပ်ပါမယ်နော်။♥️
ကျွန်တော်တို့တွေက Smart ကျတဲ့ လူငယ်တစ်ယောက်ဖြစ်ဖို့ မွေးဖွားလာကြတာပါ။
crd_Missing_parts Facebook Page
ယနေ့ ကမ္ဘာမှာ လူ (၃) ယောက်ရှိရင် (၁) ယောက်ဟာ လူငယ်ဖြစ်နေပါတယ်။ ယနေ့လူငယ် နောင်ဝယ် လူကြီး ဆိုတဲ့ စကားပုံအတိုင်း နောင်တချိန် ဒီလူငယ်တွေကပဲ တာဝန်တွေကို ပုခုံးလွှဲပြောင်းယူရမှာဖြစ်ပါတယ်။ ဒီလို လူငယ်တွေအတွက် ဘ၀ တိုးတက်ရေးကို ရှာဖွေရာမှာ မဖြစ်မနေ လုပ်ဆောင်ရမယ့် ဆောင်ရန်၊ ရှောင်ရန် လေးတွေ ရှိပါတယ်။ တတ်ကျမ်း စာအုပ်လိုမျိုး အချက်အလက်တွေ စုပြုံပြီး ထည့်ထားရင်လဲ မှတ်မိကြမှာ မဟုတ်တဲ့အတွက် သင့်တင့်မျှတပြီး လုပ်ဆောင်နိုင်လောက်မယ့် အချက်တချို့ကို မူရင်း အင်္ဂလိပ် ဘာသာနဲ့ တွဲပြီး ဖော်ပြပေးလိုက်ပါတယ်နော်။
- Your control of your sexual urges will be the reason you are either a success or a failure.
– သင့်ရဲ့ လိင်စိတ်ဆန္ဒကို ထိန်းချုပ်နိုင်မှုဟာ သင့်အောင်မြင်မှု ဒါမှမဟုတ် ကျရှုံးမှုရဲ့ အကြောင်းရင်းဖြစ်လာနိုင်ပါတယ်။
- Porn and Masturbation is the greatest killer of success. It stunt and destory your brain.
– ညစ်ညမ်းကား နဲ့ တကိုယ်ရေ အာသာဖြေခင်းသည် အောင်မြင်မှုကို အများဆုံး ထိခိုက်စေသည့်အရာဖြစ်သည့်အပြင် သင့်၏ ဦးနှောက်ဖွံ့ဖြိုးမှုကို ဟန့်တားပြီး ထိခိုက်ပျက်စီး စေနိုင်ပါသည်။
- Avoid drinking alchol like a camel drinking water. Nothing worse than losing your senses and acting a fool.
– အရက်ကို ကုလားအုပ် ရေသောက်သလို မသောက်ပါနဲ့။ သတိမကပ်ပဲ မိုက်မဲစွာပြုမူနေတာထက် ပိုဆိုးတာ ဘာမှမရှိတော့ပါဘူး။
- Keep your standards high and don’t settle for something because it’s available.
– သင့်ရဲ့ လက်ရှိ စံနှုန်းတန်ဖိုးကို မြင့်မားအောင် ထိန်းထားပါ။အချို့သော ပြုလွယ် ဖြစ်လွယ် အရာတွေဆီမှာ အသုံးမချလိုက်ပါနဲ့။
- If You find someone smarter than you, work with them, don’t compete.
– သင့်ထက်ပိုပြီး ထက်မြက်တဲ့သူကို တွေ့ခဲ့ရင် ပူးပေါင်း လုပ်ဆောင်တတ်ဖို့ ကြိုးစားပါ။ ယှဉ်ပြိုင်ဖို့ မကြိုးစားပါနဲ့။
- No one is coming to save your problems. Your life’s 100% is your responsibility.
– သင့်ပြသနာတွေဖြေရှင်းပေးဖို့အတွက် ဘယ်သူ့မှာမှ တာဝန်မရှိပါဘူး။ သင့်ဘ၀ရဲ့ အရာအားလုံး (၁၀၀%) ဟာ သင့်ရဲ့တာဝန်ပဲဖြစ်ပါတယ်။
- You shouldn’t take advice from people who are not where you want to be in life.
– သင့်ဘ၀မှာ သင်လိုချင်တဲ့နေရာရဖို့အတွက် လေ့လာဆည်းပူးတဲ့အခါမှာ အဲ့နေရာကို မရောက်ဖူးသေးတဲ့ သူတွေဆီက အကြံဉာဏ်တွေကို မယူသင့်ပါဘူး။ (တချို့သော အထောက်အပံ့တွေကို ရနိုင်ပေမယ့် ၊ ပြီးပြည့်စုံတဲ့ ထောက်ပံ့မှုတော့ မရနိုင်လို့ပါ။)
- Find new ways to make money. Make money and ignore the jokers who mocks and make fun of you.
– ပိုက်ဆံရနိုင်မယ့် နည်းလမ်းတွေ များများရှာပါ။ ပိုက်ဆံရှာလာနိုင်တဲ့အခါ သင့်ကို အပြစ်ပြောပြီး ရယ်မောခဲ့တဲ့သူတွေကို ဥပေက္ခာ ပြုထားလိုက်ပါ။
- You don’t need 100 self-help books, all you need is action and self discipline. Be disciplined!
– အောင်မြင်မှု ရရှိနိုင်ဖို့အတွက် အောင်မြင်ရေး လမ်းညွန်စာအုပ်ကြီးတွေ မလိုအပ်ပါဘူး။ ကိုယ့်ကိုယ်ကို ထိန်းချုပ်ခြင်းနဲ့ လုပ်ဆောင်နိုင်ခြင်းတို့သာ လိုအပ်ပါတယ်။ ကိုယ့်ကိုယ်ကို ထိန်းချုပ်ပါ။
- Avoid drugs. Avoid weed
-မူးယစ်ဆေးဝါး သုံးစွဲခြင်းကို ရှောင်ကျဉ်ပါ။
- Learn skills on Youtube not wasting your time consuming shitty content on Netflix.
– Youtube မှာ ဝါသနာ ပါတာတွေကို သင်ယူပါ။ Netflix မှာပဲ လွှဲမှားတဲ့ ဖျော်ဖြေရေး အကြောင်းအရာတွေကို ကြည့်ရင်း အချိန်မဖြုန်းပါနဲ့။
- No one cares about you. So stop being shy, go out and create you chances.
– သင့်ရဲ့ဖြစ်တည်မှုတွေကို ဘယ်သူကမှ ဂရုစိုက်နေမှာ မဟုတ်ပါဘူး။ ဒါကြောင့် ရှက်ရွံ့မနေပါနဲ့ သင့်အတွက် အခွင့်အလမ်းတွေကို ဖန်တီးလိုက်ပါ။
- Comfort is the worst addiction and cheap ticket to depression.
– သက်တောင့်သက်သာ ရှိမှုသည် အဆိုးဆုံးစွဲလမ်းမှုဖြစ်ပြီး စိတ်ကျရောဂါဆီသို့ အလွယ်တကူ ရောက်ရှိနိုင်မည့် လက်မှတ်တစ်စောင်ဖြစ်သည်။
- Prioritize your family. Defend them even if they stink, even if they are idiots. Cover their nakedness.
– သင့်မိသားစုကို ဦးစားပေးပါ။ သူတို့မှာ အားနည်းချက်တွေ ရှိနေရင်တောင် မဖြစ်မနေ ကာကွယ်ပေးပါ။ သူတို့ရဲ့ အားနည်းချက်တွေကို ဖုံးကွယ်ပေးပါ။
- Find new opportunities and learn from people ahead of you.
– အခွင့်အလမ်းအသစ်များကို ရှာဖွေပြီး သင့်ထက် ရှေ့ရောက်နေသူများထံမှာ သင်ယူပါ။
- Trust no one. Not a single person no matter how tempted. Believe in yourself.
– ဘယ်သူ့ကိုမှ မယုံပါနဲ့။ ဘယ်လောက်ရင်းနှီးတဲ့သူဖြစ်ဖြစ် ဘယ်သူ့ကိုမှ မယုံပါနဲ့။ သင့်ကိုယ်သင်သာ ယုံကြည်ပါ။
- Don’t wait for miracles make them happen. Yes you can’t always do it alone but don’t listen to the opinion of people.
– အံ့အားသင့်စရာတွေကို စောင့်မနေပါနဲ့။ ဖြစ်ပေါ်လာအောင် လုပ်ဆောင်ပါ။ ဟုတ်ပါတယ်။ သင်တစ်ဦးတည်းကပဲ ဒါကို အမြဲလုပ်နိုင်မှာပါ။ တခြားသူတွေရဲ့ ထင်မြင်ချက်တွေကို နားမထောင်ပါနဲ့။
- Hardwork and determination can make you achieve anything.Humbling yourself only takes you higher.
– ကြိုးစားအားထုတ်မှုနှင့် ဇွဲလုံ့လသ်ည သင့်အား မည်သည့်အရာကိုမဆို အောင်မြင်စေနိုင်ပါသည်။ ကိုယ့်ကိုယ်ကို နှိမ့်ချခြင်းသည် သင့်ကို ပိုမြှင့်မားသော နေရာသို့သာ ပို့ဆောင်ပေးသည်။
- Stop waiting to discover yourself. Create you instead.
– သင့်ကိုယ်သင် ရှာဖွေတွေ့ရှိဖို့ စောင့်ဆိုင်းနေတာကို ရပ်လိုက်ပါ။ အဲ့ဒီအစား သင့်ကိုယ်သင် ဖန်တီးပါ။
- The world won’t slow down for you.
– ကမ္ဘာကြီးက သင့်အား စောင့်နေမည် မဟုတ်ပါ။
- No one owes you anything.
– ဘယ်သူကမှ သင့်ကို ပေးဖို့ ဘာအကြွေးမှ မရှိပါဘူး။
- Life is a single-player game. You’re born alone. You’re going to die alone. All of your interpretations are alone. You’re gone in three generations and nobody cares. Before you showed up, nobody cared. It’s all single-player.
– ဘ၀ဆိုတာ တစ်ယောက်တည်းတိုက်တဲ့တိုက်ပွဲပါပဲ။ သင်တစ်ဦးတည်း မွေးဖွားလာမယ်။ တစ်ဦးတည်း သေဆုံးသွားရမှာဖြစ်ပါတယ်။ သင့်ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုမှု အားလုံးသည်လည်း တစ်ဦးတည်းပါပဲ။ မျိုးဆက် (၃)ခုခြားလျှင် သင်ဟာပျောက်ကွယ်သွားမှာ ဖြစ်ပြီး ဘယ်သူမှ ဂရုစိုက်မှာ မဟုတ်တော့ပါဘူး။ အားလုံးဟာ တစ်ယောက်တည်း တိုက်နေကြရတာပါ။
- Not everyone has the same heart as you. Not everyone is honest with you as you are with them. You will meet people who will use you for their gain and then discard you once that section of their life has passed and they are fulfilled. Stay woke.
– လူတိုင်းဟာ သင့်လို စိတ်မျိုးမဟုတ်ကြပါဘူး။ သင်သူတို့အပေါ်ရိုးသားသလို သူတို့အားလုံးဟာ သင့်အပေါ် ရိုးသားမနေပါဘူး။ သူတို့ရဲ့ ကိုယ်ကျိုးအတွက် အသုံးချပြီး သူတို့ရဲ့ ဘဝ အဆင့်တစ်ခု ပြီးပြည့်စုံသွားတဲ့အခါ သင့်ကို စွန့်ပစ်သွားမယ့်သူတွေကို သင်တွေ့ရပါလိမ့်မယ်။ သတိထား နိုးကြားပါ။
ဒါလေးတွေကတော့ လူငယ်တွေအတွက် အကြံပြုစကား ၂၃ ချက်ပဲဖြစ်ပါတယ်။ ဒီစာလေးကို ဖတ်ပြီး တခုခု ရရှိသွားရင်ပဲ ကျေနပ်ပါတယ်ဗျာ . . ။
လတ်တလောလူငယ်များအကြား ရေပန်းစား အသုံးအများဆုံး electronic device များဖြစ်သော Vape ၊ Podနှင့် E-cigarette များသည် မူလက ဆေးလိပ်အစားထိုးအဖြစ် ဖန်တီးထားသော်လည်း ယနေ့အခါ လူငယ်များသုံးစွဲမှုမြင့်မားလာခြင်းကြောင့် ကျန်းမာရေးနှင့်လူမှုရေးအပေါ် သိသိသာသာရိုက်ခတ်လာသောအခြေအနေများဖြစ်ပေါ်နေပြီး သတိထားသုံးစွဲစရာဖြစ်လာပါသည်။
၎င်းသည် နီကိုတင်းပါဝင်သော အရည်ကို အပူပေးပြီး အငွေ့အဖြစ်ပြောင်းလဲကာ ရှူသွင်းနိုင်သော နည်းပညာကို အသုံးပြုသည်။ ၎င်းတို့၏အမျိုးမျိုးသော အနံ့ ၊ အရသာ၊ ထုပ်လုပ်မှုပုံစံ၊သက်သာသောစျေးနှုန်းများကြောင့် လူငယ်များအကြားအသုံးပြုမှုတစ်ဟုန်ထိုးတိုးတက်လာနေပါသည်။
လူငယ်များအကြား ရေပန်းစားရသည့် အကြောင်းများ
1. ခေတ်မှီသည့်ပုံရိပ်
Vape သည်လူငယ်များအကြား ခေတ်မှီဆန်းသစ်ခြင်းဟူသော ပုံရိပ်ဖြင့်ရေပန်းစားလာသည်။ ဆိုရှယ်မှီဒီယာများတွင် vape ကိုဖက်ရှင်ပုံစံတစ်ခုအဖြစ်ဖော်ပြလာကြပြီး ဒီဇိုင်းအမျိုးမျိုးနှင့်အရသာအနံ့အမျိုးမျိုးရွေးချယ်စရာများက လူငယ်များကိုပိုမိုဆွဲဆောင်ထားနိုင်ခဲ့သည်။
2.ဆေးလိပ်ထက်ပိုမိုလုံခြုံသည်ဟုယူဆမှု
လူငယ်အများစုသည် Vape ကိုသာမန်ဆေးလိပ်ထက်ကျန်းမာရေးအတွက်ပိုမိုစိတ်ချလုံခြုံသည်ဟုယူဆကြသည်။ လူငယ်များသာမက လူကြီးသူမများပင် Vape ကိုသာမန်အဖြစ်ရှုမြင်ကြပြီး ဆေးလိပ်ကဲ့သို့အသုံးပြုသောက်သုံးမှုကို အပြင်းအထန်တားဆီးခြင်းများလဲမလုပ်ကြသဖြင့်လူငယ်များပိုမိုလွတ်လပ်စွာသောက်သုံးခွင့်ရနေခြင်းဖြစ်သည်။
3. ဆိုရှယ်မီဒီယာနှင့်သြဇာလွှမ်းမိုးမှု
Facebook၊ Tiktok၊ Instagram ကဲ့သို့သောဆိုရှယ်မီဒီယာပလက်ဖောင်းများတွင် Influencers များက vape ကိုတွင်တွင်ကျယ်ကျယ်အသုံးပြုပြကြခြင်းနှင့် vape ရောင်းချသူများတင်ဆက်ပြသသောဒီဇိုင်းနှင့်အရသာမျိုးစုံတို့ကလဲ လူအများကိုပိုမိုစိတ်ဝင်စားစေပါသည်။
3. ဆိုရှယ်မီဒီယာနှင့်သြဇာလွှမ်းမိုးမှု
Vape အသုံးပြုခြင်းသည် အဆုတ်ဆိုင်ရာ ပြဿနာများ၊ နီကိုတင်း စွဲလမ်းမှု၊ နှင့် နှလုံးသွေးကြောဆိုင်ရာ ပြဿနာများကို ဖြစ်ပေါ်စေနိုင်သည်။ အထူးသဖြင့် လူငယ်များတွင် ဦးနှောက်ဖွံ့ဖြိုးမှုအပေါ် သက်ရောက်မှုရှိနိုင်သည်။
Vape အားလုံးနီးပါးတွင် ဆေးလိပ်တွင်ပါဝင်သော နီကိုတင်းထက်ပို၍ပြင်းထန်များပြားသော ပမာဏများထည့်သွင်းထားတတ်ကြသည်။ ဤအချက်သည် အသုံးပြုသူများအတွက် အလွယ်တကူစွဲလန်းစေသောအကြောင်းရင်းလဲဖြစ်ပါသည်။
Vapeသည်ဆေးလိပ်အစားထိုးသည်ဟုဆိုသော်လည်း အန္တရာယ်ကင်းသောအရာမဟုတ်ပါ။
Vape ၏ ရေပန်းစားမှုသည် လူငယ်များအကြား ခေတ်ရေစီးကြောင်းတစ်ခုအဖြစ် ပေါ်ထွက်လာသော်လည်း ၎င်းနှင့်ဆက်စပ်သော ကျန်းမာရေးအန္တရာယ်များကို လျစ်လျူမရှုသင့်ပေ။ လူငယ်များအား vape ၏ အကျိုးဆက်များနှင့် ပတ်သက်၍ အသိပညာပေးရန်နှင့် ၎င်းတို့၏ အသုံးပြုမှုကို ထိန်းချုပ်ရန် အရေးကြီးပါသည်။
ကမ္ဘာ့ချန်ပီယံ Yangon Galacticos PUBG Mobile အသင်း ဂုဏ်ပြုပွဲကို ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်မှာ ဩဂုတ် ၇ ရက်က ကျင်းပခဲ့တာမှာ PUBGဂိမ်းကစားသူတွေ၊ Streamer တွေ အများအပြားတက်ရောက်ခဲ့ပြီး လာရောက် ဂုဏ်ပြုအားပေးသူ လူငယ်တွေအများအပြား ရှိခဲ့ပါတယ်။
“အဓိကကတော့ Yangon Galacticos က ကလေးတွေ World Champion ရသွားတာ ပေါ့သေးသေးနဲ့ရသွားတာ မဟုတ်ပါဘူး။ အရင်ဆုံး Group State ပြိုင်ရတယ်။ ၈ သင်းပဲ တက်သွားတယ်။ အဲ့ ၈ သင်းမှာ ကလေးတွေက မပါသွားဘူး။ Survival State ဆိုပြီး ထပ်ဆော့ခဲ့ရတယ်။ အဲ့ဒါ ၁၆ သင်းဆော့ရတယ်။ အဲ့ ၁၆ သင်းမှာမှ အဲ့ ၈ သင်းကပဲ ဆုကို ယူဖို့အတွက်ယှဉ်ပြိုင်ရမှာ။ အဲ့ဒီဟာကို ကလေးတွေက နံပါတ် ၈ ဆိုတဲ့အနေထားနဲ့ Grand Final ကိုတက်သွားတာပါ။ တက်ပြီးသွားတော့မှ အကြမ်းဆုံးပစ်ချက်တွေ၊ အကြမ်းဆုံး Performance တွေနဲ့ World Cup ကိုရရှိသွားတာပါ။ တခြားနိုင်ငံက အကြမ်းဆုံးအသင်းတွေကို ဖြတ်ချပြီးတော့ World Cup ကို ရယူထားတာဖြစ်ပါတယ်။” လို့ PUBG Streamer တစ်ယောက်ဖြစ်တဲ့ ပါ၀ါ က ဆိုပါတယ်။
Yangon Galacticos အသင်းဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့ပြီး မနှစ်က အသင်းရပ်တည်ရေး အခက်အခဲတွေကြောင့် ၂၀၂၄ ခုနှစ်မှာ အသင်းကိုဖျက်သိမ်းဖို့ ကြိုးစားခဲ့တယ်လို့ အသင်းပိုင်ရှင်က ပြောပါတယ်။
လတ်တလော YG အသင်းဟာ မြန်မာ ESports သမိုင်းမှာ ပထမဆုံးအကြိမ် World Champion ဆုကြီးကို ရယူနိုင်ခဲ့ပြီး PMWC 2025 အတွက်ဆုကြေးငွေက အမေရိကန်ဒေါ်လာ ၅၄၇,၀၀၀ ရရှိကာ PUBG Mobile ပြိုင်ပွဲတွေကနေ စုစုပေါင်းရရှိတဲ့ဆုကြေးငွေကတော့ အမေရိကန်ဒေါ်လာ ၆ သိန်းကျော် ဖြစ်ပါတယ်။ ဒီလိုရရှိတာတွေက ထင်မှတ်မထားတဲ့ အောင်မြင်မှုဖြစ်တယ်လို့ အဲရစ် အမည်ရှိ PUBG ကစားသမား ကိုဇော်မိုးက ပြောပါတယ်။
“လုံးဝကိုမထင်ထားဘူးပေါ့နော်။ ဒီလိုမျိုး မြန်မာနိုင်ငံအသင်းလိုမျိုး အောက်ခြေကစပြီးတော့ လုပ်ယူနိုင်မယ် မထင်ဘူး။ ဒါပေမဲ့ တကယ့်တကယ်ကျတော့ Prize Pool အနေနဲ့ကတော့ ဒေါ်လာ ၃ သန်း၊ ဒါပေမဲ့ တဦးချင်း အစီအစဥ်ထဲမှာ ဒေါ်လာ ၅၄၀,၀၀၀ ပေါ့နော်။ အဲ့လိုမျိုးဆိုတော့တကယ် လူငယ်တွေအတွက် အများကြီး ကြိုးစားဖို့ပြောချင်ပါတယ်။”
PUBG Mobile World Cup 2025 ရဲ့ Grand Final အဆင့်ကို ဩဂုတ် ၁ ရက် ကနေ ၃ ရက်အတွင်းကျင်းပခဲ့ကာ ကျန်ရှိခဲ့တဲ့ ၁၆ သင်းက ဆက်လက်ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်။
ကစားသမားတွေကတော့ အသင်းခေါင်းဆောင်အဖြစ် Smile က ဦးဆောင်ခဲ့ပြီး အဖွဲ့သားတွေက MAR NETT ၊ SAY CLOUD ၊ ROMEO တို့ဖြစ်ပါတယ်။Grand Finals နောက်ဆုံးဗိုလ်လုပွဲအတွင်း Chicken Dinner ၄ ကြိမ်အထိ ရရှိခဲ့ကာ နောက်ဆုံးရမှတ် ၁၅၇ မှတ်နဲ့ ဗိုလ်စွဲနိုင်ခဲ့တာဖြစ်ပါတယ်။
PUBG ဆိုတာကတော့ လူ ၄ ယောက် အတူပေါင်းပြီး စစ်တိုက်တဲ့အွန်လိုင်းဂိမ်းတမျိုးဖြစ်ပြီး Google Play Store မှာတော့ ဒေါင်းလုပ်ဆွဲသူ သန်း ၅၀၀ (500M+) ရှိကြောင်းဖော်ပြထားပါတယ်။