Digital မျိုးဆက်တွေအကြောင်း 

နည်းပညာခေတ်ကမ္ဘာကြီးဟာ အဆက်မပြတ်တိုးတက်ပြောင်းလဲနေပါတယ်။ ဒါဟာ အများစုနဲ့ လူကြီးပိုင်းတွေ အတွက်တော့ ခက်ခဲပြီး စိတ်ပျက်စရာကောင်းပေမဲ့ Digital မျိုးဆက်ဖြစ်တဲ့ လူငယ်တွေအတွက် ဒါဟာ စိန်ခေါ်မှု အသုံးဝင်မှုဖြစ်ပါတယ်။
၂၀၀၁ ခုနှစ်မှာ အမေရိကန် စာရေးဆရာနဲ့ ကထိကလည်းဖြစ်တဲ့ Marc Prensky က အခု Digital Native နဲ့ Digital Immigrant ဆိုတဲ့ Digital မျိုးဆက်အသုံးနှုန်းကို စတင်မိတ်ဆက်ခဲ့ပါတယ်။

ခုခေတ် လူငယ်Digital မျိုးဆက်တွေဟာ မွေးစတည်းက Computers၊ Webcams၊ Smartphones ဒါမှမဟုတ် Internet စတာတွေနဲ့လက်ပွန်းတတီးကြီးပြင်းလာတာပါ။ ကလေးတွေရဲ့ ဦးနှောက်တွေဟာ ဒီလိုပစ္စည်းတွေကို အလွယ်တကူအသုံးပြုနိုင်ပြီး သူတို့ရဲ့သင်ယူလေ့လာပုံက ကွဲပြားသွားပါတယ်။ ဒါ့အပြင် အရင်မျိုးဆက်တွေထက်စာရင် နည်းပညာနဲ့ပတ်သက်မှုကလည်း မတူတော့ပါဘူး။ တချို့ပညာရှင်တွေကတော့ သူတို့ရဲ့ ပင်ကိုတည်ဆောက်ပုံကိုက ပြောင်းလဲသွားတာဖြစ်နိုင်တယ်လို့ အကြံပြုကြပါတယ်။ အဲ့ဒီမျိူးဆက်ကိုတော့ Digital Native လို့ခေါ်ပါတယ်။

၈၀ပြည့်လွန်အစောပိုင်းကာလနဲ့ ၉၀ ပြည့်လွန်အလယ်ပိုင်းကာလမှာ မွေးလာကြသူတွေကို Generation Y လို့ခေါ်ပါတယ် (နောက်တစ်မျိး Millenials တွေလို့ခေါ်ပါတယ်) ။ အများစုဟာ digital gadgets မပါဘဲ ကလေးဘဝကိုဖြတ်သန်းလာခဲ့ရပြီး လူလတ်အရွယ်ရောက်တဲ့အပိုင်းမှ ဒစ်ဂျစ်တယ်ယဥ်ကျေးမှုကို ကြုံတွေ့လာတာပါ။ နောက် ၉၀ ပြည့်လွန်နှောင်းပိုင်းနဲ့ ၂၀၁၀ ပြည့်လွန်အစောပိုင်းမှာ မွေးလာတဲ့ Generation Z ခေါ် zoomers တွေ လိုက်လာပါတယ်။ သူတို့ကတော့ အင်တာနက်ကို ငယ်ငယ်လေးနဲ့စပြီးထိတွေ့ခွင့်ရတဲ့သူတွေပါ။ လက်ရှိမျိုးဆက်ကတော့ ၂၀၁၀ ပြည့်လွန်အစောပိုင်းကစပြီးနောက်ပိုင်းမှ လူဖြစ်လာတဲ့ Generation Alpha ကတော့ ရာခိုင်းနှုန်း အကုန်နီးပါးဟာ Native Digital မျိုးဆက်ဖြစ်လာမှာပဲဖြစ်ပါတယ်။

Digital devices သုံးနည်းတွေကို အသက်ကြီးမှ သင်ရတဲ့သူတွေကို  Digital Immigrants လိုခေါ်ပါတယ်။ ဘာသာစကားသင်သလိုပဲ ဦးနှောက်ကလည်း လူကြီးအရွယ်စာသင်တာနဲ့ ကလေးဘဝတုန်းကစာသင်တာ မတူပါဘူး ဒါကြောင့်  Digital မျိုးဆက်များကြား ကွာခြားမှုတော်‌တော်များပါတယ်။ တကယ့်လက်တွေ့ကမ္ဘာမှာ immigrant တစ်ဦးက ခေတ်မီနည်းပညာတွေကို လေ့လာနိုင်ကောင်း လေ့လာနိုင်ပေမဲ့ (လူငယ်တွေထက်ပင် ပိုတော်နိုင်ပါတယ်) အဲဒါတွေကို အနည်းအကျဥ်းလောက်သာ အသုံးချမှာပါ။ ပရင်တာသုံးပြီး စာရွက်ထုတ်တတ်တဲ့ ဝန်ထမ်းတစ်ယောက်ဟာ ပရင်တာမင်လဲဖို့လောက်သာ စိတ်ဝင်စားပြီး word processor ကိုသုံးဖို့စိတ်ဝင်စားမှာမဟုတ်ပါဘူး။ အသက်ကြီးဆွေမျိုးတစ်ယောက်ကလည်း သူပို့လိုက်တဲ့ အီးမေးရမရကို သင့်ဆီဖုန်းဆက်မေးဖို့ပဲ ပိုပြီးအားသန်တာမျိုးပါ။

ဒီလိုမျိုးဆက်ကွာဟမှုဟာ ကျောင်းမှာ အသက်ကြီးကြီး Digital Immigrants တွေက Natives တွေကိုသင်တဲ့အခါမှာ ပြဿနာတွေဖြစ်လာပြီး အခက်အခဲတွေနဲ့ ကြုံရပါတယ်။ Natives တွေဟာ ငယ်ငယ်လေးနဲ့ ရုပ်ပုံတွေ၊ ပန်းချီကားတွေကနေ အချက်အလက်တွေကို အလျင်အမြန်သင်ယူတတ်မြောက်သွားကြပြီး နောက်မှသာ စာဖတ်တာကို တတ်မြောက်ကြတာပါ။ သူတို့ဟာ စာသင်နေရင်း သီချင်းနားထောင်တာ တစ်ခုခုလုပ်တာမျိုးတွေကိုလည်း တစ်ပြိုင်နက်တည်းလုပ်ဆောင်နိုင်စွမ်းရှိကြပါတယ်။ အင်တာနက်မှာ မွေနှောက်ရှာဖွေပြီး စာတွေကို အခန်းလိုက်ဖတ်တာမျိုးထက် တွေ့ရာမြင်ရာကို ဝင်ပြီးဖတ်ကြတာပါ။ ဒါကြောင့် ရှေးကလမ်းဟောင်းကြီးဖြစ်တဲ့ စာသင်ပြပြီး စာမေးပွဲစစ်တဲ့ နည်းလမ်းတွေက သူတို့အတွက် အလုပ်မဖြစ်တာက မဆန်းပါဘူး။ သူတို့မွေးဖွားကြီးပြင်းလာတဲ့အချိန် သင်ယူတဲ့နည်းလမ်းတွေနဲ့ အကွာကြီးကွာနေလို့ပဲဖြစ်ပါတယ်။ ကျနော်လေ့လာဖူးတဲ့ Digital မျိုးဆက်တွေအကြောင်း မျှဝေပေးခြင်းပဲဖြစ်ပါတယ်။