ဒီနေ့ခေတ်မှာ မှာ AI (Artificial Intelligence) ဆိုတာ ကျွန်တော်တို့ နေ့စဉ်ဘဝတွေရဲ့ နေရာတိုင်းလိုလိုမှာ တွင်တွင်ကျယ်ကျယ်နဲ့ အသုံးပြုလာနေကြပါပြီ။ တကယ်တော့ လူငယ်နဲ့ AI၊ AI နဲ့ လူငယ်ဆိုတာ ယနေ့ခေတ်မှာ ခွဲခြားလို့မရတဲ့ အရာတစ်ခုလို့တောင် ပြောလို့ရနေပါပြီ။ AI ဆိုတာ ကျွန်တော်တို့လူငယ်တွေရဲ့ အနာဂတ်အတွက် အခွင့်အရေးတွေ များစွာလည်းဖန်တီးပေးနိုင်သလို၊ စိန်ခေါ်မှု များစွာလည်းရှိလာနိုင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ AI ကိုသာ တကယ်ကောင်းကောင်းမွန်မွန်အသုံးချတတ်မယ်ဆိုရင် နေ့စဉ်လုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာတွေ၊ သင်ယူမှုတွေအတွက် လွယ်ကူလျှင်မြန်စွာ လုပ်ဆောင်လာနိုင်ပါလိမ့်မယ်။

Schedule ဆွဲခိုင်းတာတွေ၊ ကိုယ့်ရဲ့ Study partner လုပ်ခိုင်းတာတွေ၊ ပုံဆွဲခိုင်းတာတွေ၊ စာရေးခိုင်းတာတွေ၊ ကိုယ်စိတ်ဝင်စားတဲ့အရာတွေပေါ်မှာ မူတည်ပြီးတော့ Career ရွေးချယ်ခိုင်းတာတွေကအစ ကိုယ်ကြိုက်ရာကို လုပ်ခိုင်းလို့ရနေတော့ AI ကနေရာတော်တော်များများမှာ အစားဝင်ယူနေပါပြီ။ကျွန်တော်တို့ လူငယ်တွေအနေနဲ့ တစ်ခုသိထားရမှာက AI အနေနဲ့ ဘယ်လောက်ပဲ တိုးတက်လာပါစေ လူသားတွေရဲ့ Complex reasoning skill နဲ့ Emotional intelligence ကို လုံးဝလိုက်မှီနိုင်မှာ မဟုတ်ပါဘူး။

ဒါကြောင့် 21 ရာစု လူငယ်တစ်ယောက် အနေနဲ့ဆိုရင် ပထမဆုံး Creativity တိုးတက်အောင် အမြဲကြိုးစားနေဖို့လိုအပ်ပါတယ်။ Creativity ဆိုတာ (Thinking outside of the box) စည်းတွေ၊ ဘောင်တွေကနေ ကျော်ပြီးတော့ စဉ်းစားနိုင်တာ ဖြစ်တယ်။ သတိထားရမှာတစ်ခုက ကျွန်တော်တို့ လိုချင်တာတွေကို AI ဆီကနေ အလွယ်တကူရယူနိုင်နေတော့ AI က ကိုယ့်ရဲ့ Creativity ကို ထိခိုက်နိုင်ပါတယ်နော်။ ဒါကြောင့် ကိုယ်လိုချင်တာကို ဘယ်လိုရအောင် ယူမလဲ။ သူများထက် ဘယ်လိုပိုကောင်းအောင် လုပ်နိုင်မလဲ။ စတဲ့ မေးခွန်းတွေကသာလျှင် ကိုယ့်ရဲ့ Creativity ကို တိုးတက်စေပါလိမ့်မယ်။

နောက်တစ်ခုက Critical Thinking ကောင်းအောင် ကြိုးစားသင့်ပါတယ်။ Critical Thinking ဆိုတာ ပြသနာပေါင်းများစွာကို ဆက်စပ်တွေးခေါ်နိုင်ပြီးတော့ မေးခွန်းပေါင်းမြောက်များစွာ မေးပြီး ဖြေရှင်းပေးနိုင်တာ ဖြစ်ပါတယ်။ ဘယ်နေရာမှာပဲဖြစ်ဖြစ် ကိုယ့်အနေနဲ့ မေးခွန်းတွေများများ မေးနိုင်လေလေ၊ ကိုယ်လိုချင်တာကို ရလေလေပဲဖြစ်ပါလိမ့်မယ်။
ဒီ Skill နှစ်ခုစလုံးက ကိုယ့်ရဲ့ ဉာဏ်ကောင်းမှု တစ်ခုတည်းနဲ့တော့ တိုးတက်အောင် လုပ်လို့ရမှာ မဟုတ်ဘူးဆိုတာတော့ သေချာပါတယ်။ အရာတစ်ခုပေါ်မှာ ကိုယ်ဘယ်လောက်ထိ စွမ်းဆောင်နိုင်လဲ။ ကိုယ်ဘယ်လောက်ထိ ကောင်းအောင်လုပ်နိုင်လဲ ဆိုတဲ့တွေးခေါ်မှုအပေါ်မှာပဲ အဓိက မူတည်ပါလိမ့်မယ်။AI တွေ အဆမတန် တိုးတက်နေတဲ့ ဒီလိုခေတ်ကြီးထဲမှာ ဒီ Skill နှစ်ခုကတော့ လူငယ်တစ်ယောက်အနေနဲ့ အမြဲတမ်းတိုးတက်အောင် ကြိုးစားနေသင့်ပါတယ်။ ဒါမှသာလျှင် AI နည်းပညာနဲ့ ကိုယ့်မှာရှိတဲ့ Skill တွေပေါင်းပြီး Innovation လို့ခေါ်တဲ့ သူများနဲ့မတူတဲ့ ဆန်းသစ်တီတွင်မှုတွေ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

နောက်ဆုံးအနေနဲ့ အကြံပေးချင်တာကတော့ AI တွေကို လက်လှမ်းမှီသလောက် စမ်းသုံးကြည့်ပါ။ ကိုယ့်ကိုယ်ကိုယ် အမြဲတိုးတက်အောင် ကြိုးစားကြည့်ပါ။ လူတိုင်းပြောတဲ့ AI ခေတ်ကြီးထဲမှာ နောက်ကျမကျန်ခဲ့ဖို့ဆိုရင် ဒါတွေကတော့ အမြဲတမ်းလေ့လာနေဖို့ လိုအပ်ပါမယ်နော်။♥️
ကျွန်တော်တို့တွေက Smart ကျတဲ့ လူငယ်တစ်ယောက်ဖြစ်ဖို့ မွေးဖွားလာကြတာပါ။
crd_Missing_parts Facebook Page